Monday, 9 June 2008

ဒေါ်စုလွတ်မြောက်ရေးအတွက် ကမ္ဘာ့ပြည်သူများ အသံ စတင်လိုက်ပါပြီ။


ဒေါ်စုလွတ်မြောက်ရေးအတွက် ကမ္ဘာ့ပြည်သူများ အသံ စတင်လိုက်ပါပြီ။


 

By ထိုက်မင်း, on 09-06-2008 15:42  

Favoured : None

Published in : ကြော်ငြာ, ကြော်ငြာ

ဒေါ်စုလွတ်မြောက်ရေးအတွက် ကမ္ဘာ့ပြည်သူများ အသံ စတင်လိုက်ပါပြီ။

ကျွန်တော်တို့ လူ့ဘ၀မှာ ရွေးချယ်ပိုင်ခွင့်ဆိုတာ ရှိပါတယ်။ ကိုယ်စိတ်ထက်သန်ရာ၊ လမ်းမှန်ရာလို့ ထင်ရင် ရွေးချယ်နိုင်ပါတယ်။ လူဆိုတာ အသိစိတ်ဓါတ်ရှိတာကို အမှားအမှန်ကို ခွဲခြားသင့်ပါတယ်။ ကျွန်တော်ဟာ လမ်းမှန်တယ်လို့ ထင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက် က ရပ်တည်သူတစ်ဦးဖြစ်ပါတယ်။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို မမှန်ဘူးထင်လို့ မရပ်တည်သူတွေ၊ ဒါမှမဟုတ် ဒီကိစ္စတွေမှာ ကြားကနေပြီး ဘာမှမလုပ်သူတွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ လာမည့် ၁၉ရက် ၆လ ၂၀၀၈ ခုနှစ်မှာ အသက် ၆၃ နှစ်ပြည့်ပါတော့မယ်။ ကျွန်တော်တို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ တာဝန်ကျေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တာဝန်ကျေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေဟာ လုံးဝ တာဝန်မကျေသေးဘူးလို့ ကျွန်တော် ယူစပါတယ်။ ကျွန်တော်သူငယ်ချင်းတွေဟာ နိုင်ငံရေးဆိုတာ သိနေကြပေမဲ့၊ နေ့စဉ်စားရေးနေရေး အစဉ်ပြေအောင် ကြိုးစားကြရင်း နိုင်ငံရေးဆိုတာကို မေ့ထားကြတာ တွေ့ရပါတယ်။ ဒီမှာ ကျွန်တော် ပြည်တွင်းက ပြည်သူတွေကို ပြောတာမဟုတ်ပါဘူး။ ပြည်ပပြည်သူတွေဟာ ကျွန်တော်တို့ အတွက် အရမ်းကို အားထားစရာ လူထုလည်း ဖြစ်ပါတယ်။ ပြည်တွင်းက လူတွေလှုပ်ရှားနိုင်တာထက် ကျွန်တော်တို့ ပြည်ပက လူတွေဟာ ပိုလို့ လှုပ်ရှားနိုင်မယ်ဆိုတာ လူတွေအကုန်သိကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ ပထမဆုံး Jim Carrey လို ဘာမှမဆိုင်တဲ့ သရုပ်ဆောင် တစ်ယောက်ကတောင် ဒေါ်စုအတွက် ဗီဒီယို တင်ပြီး တောင်ဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ ငြိမ်နေကြတယ်။ ဘယ်သူမှ တုံတုံမလှုပ်တာကို တွေ့ကြရပါတယ်။ ဒီ့အတွက် ကျွန်တော်တို့ ကမ္ဘာက လူတွေ လူကြည့်များတဲ့ Youtube လို နေရာမျိုးမှာ ဒေါ်စုအတွက် လွတ်မြောက်စေရန် တောင်းဆိုကြရင် အတိုင်းထက်လွန်ပြီး ကောင်းမွန်တာကို တွေ့ရမှာပါ။

ဒီအစီအစဉ်ဟာ ပြည်ပနိုင်ငံတွေပိုမိုပြီး မြန်မာပြည်အကြောင်း နားလည်စေရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျဉ်းထောင်းမှာ ဆက်လက် ရှိနေဆဲဆိုတာကို မေ့မသွားကြရန်နှင့် ဒေါ်စု လွတ်မြောက်ရန်အတွက် ပိုမိုပြီး လှုပ်ရှားမှုများ ပြုလုပ်သွားနိုင်ရန် ဖြစ်ပါတယ်။ ကျွန်တော် ဒီအစီအစဉ်ကို မြန်မာနိုင်ငံ ပြည်ပရောက် ပြည်သူများ လှုပ်ရှားနိုင်မည့် ကိစ္စတစ်ခုလို့ မြင်ပါတယ်။

ကောင်းကျိုးများ၊

၁။ နိုင်ငံတကာမှာ ဒေါ်စု အား လွတ်မြောက်ရန်အတွက် ပိုမိုဖိအားပေးလာရန်။
၂။ အိမ်မှ လွယ်ကူစွာ လှုပ်ရှားမှုတစ်ခု ပြုလုပ်နိုင်ပြီး၊ နိုင်ငံတကာသို့ လျှင်မြန်စွာ နှိုးဆော်မှုများ ရောက်နိုင်ခြင်း။
၃။ ငွေကြေးကုန်ကျမှုများ မရှိခြင်း။
၎။ စစ်အစိုးရမှ အများလှုပ်ရှားမှုများကြောင့် တစ်ဦးတစ်ယောက်အား ဦးတည်ပြီး အန္တရယ်များ မပြုလုပ်နိုင်ခြင်း။

ဆိုးကျိုးများ၊

၁။ စစ်အစိုးရမှ ၀င်ရောက် အနှောက်ယှက်ပေးနိုင်ရန်ရှိသော်လည်း ၊ အနှောက်အယှက်များ လုံးဝ မထိရောက်နိုင်ခြင်း။

ဆိုးကျိုးများဟာ လုံးဝ မရှိသလောက်ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အများနှင့်လုပ်သောအရာများကြောင့် ဖြစ်ပါတယ်။

လိုအပ်သော အရာများ၊

၁။ ဗီဒီယို ကင်မရာ ( လက်ကိုင်ဖုန်းတွင်ပါသော ဖုန်း သို့ ဗီဒီယိုရိုက်နိုင်သော ကင်မရာများ )
၂။ စာရိုက်ထုတ်နိုင်သော စက်တစ်လုံး(မရှိပါက လက်ဖြင့် ရေးသားနိုသည်)။  လိုအပ်ပါက အောက်ပါပုံကို ပုံနှိပ်အသုံးပြုပါ။

 

ပါဝင်ရမည့် စာသားမှာ ။ Free Daw Aung San Suu Kyi နှင့် youtube.com/freedassk ။ သို့သော် ရေးသားထားသော အရာကို အင်္ဂလိပ်လိုသာ ရေးသားရမည်ဖြစ်သည်။
ပါဝင်ရမည့် အသံမှာ။ ဒေါ်အောင်ဆန်းစုကြည် အားပြန်လွှတ်ပေးရန် ၊ အမိဘာသားစကားနှင့်ပြောဆိုနိုင်ပါသည်။ ဥပမာ- ကရင်လူမျိုးဖြစ်ပါက ကရင်၊ သို့သော် ပြောဆိုလိုက်သော အသံသည် အဓိက အဓိပ္ပါယ်ပါရမည်ဖြစ်သည်။ ထိုအချက်မှာ ဒေါ်အောင်ဆန်းစုကြည် အားပြန်လွှတ်ပေးရေးကို ဘာသာပြန်ထားသည့် ပုံစံမျိုးသာ ဖြစ်စေရမည်။ ၄င်း အသံများကို စစ်မှန်ခြင်းရှိမရှိ၊ စစ်စေးမည်ဖြစ်ပြီး၊ မျက်နှာသက်သေ ပါသော ဗီဒီယိုများကြောင့် အခက်အခဲ ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်သည်။
ပါဝင်ရမည့် ဗီဒီယိုမှာ။ Free Daw Aung San Suu Kyi နှင့် youtube.com/freedassk ဟု ရေးသားထားသော စာရွက်ကို ညာဘက်မှ ယူပြီး ဘယ်ဘက်သို့ ပေးပို့သော ပုံစံမျိုးဖြစ်စေရမည်။
 

http://freedassk.blip.tv/#983309

ကျွန်တော်အခုဗီဒီယိုများလိုက်လံစုစောင်းနေပါတယ်။ သင့်အနေနှင့်ရိုက်ပြီးသား ရှိပါက၊ ၄င်း ရိုက်ပြီးသား ဖိုင်သို့မဟုတ် လင့်များကို အီးမေးသို့ ပေးပို့စေလိုပါသည်။ အီးမေးလိပ်စာကတော့ hteink.min(at)gmail.com ဖြစ်ပါတယ်။

 

အားလုံး အဆင်ပြေကြပါစေဗျာ

 

ဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်နိုင်ပါစေ


--
--
(( Hteink Min ))
Phone:+358449410681
www.hteinkmin.com
www.hteinkmin.blogspot.com
www.hteinkmin.myanmarbloggers.org

အပြည့်ဖတ်မည်...

Saturday, 31 May 2008

နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ရံပုံငွေ ကောက်ခံခြင်းရလဒ

နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ရံပုံငွေ ကောက်ခံခြင်းရလဒ်


 

By ထိုက်မင်း, on 31-05-2008 07:33  

Favoured : None

Published in : Finland, ဖင်လန်နှင့် ကျွန်တော်

၉ရက်နှင့် ၁၀ရက်နေ့များတွင် နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ရံပုံငွေ ကောက်ခံခြင်းရလဒ်

 

မေလ ၂ရက်နေ့တွင် ၁၀နာရီကြာ ကျရောက်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁သိန်းကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။ ပထမတွင် လူဦးရေ ၃၀၀၀ ကျော် သေဆုံးသည်ဟု စစ်အစိုးရမှ ကြေငြာသောအခါတွင် ကျွန်တော်အဖွဲ့အစည်းအနေနှင့် ဆိုးဝါးသော မုန်တိုင်းဟု သက်မှတ်လိုက်ကြပြီး၊ သေဆုံးသူဦးရေ ပိုများမည်ဟု ကြိုတွက်ခဲ့ကြသည်။ ထို့ကြောင့် အချိန်မီ မြန်မာနိုင်ငံအတွင်းသို့ အထောက်အပံ့များ ပေးနိုင်ရန် အစည်းအဝေးထိုင်ခဲ့ပြီး၊ မုန်းတိုင်းကျပြီး ရက်သတ္တပါတ်အတွင်း အလှုငွေကောက်ခံနိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

 

ထို့ကြောင့် မေလ ၉ ရက် နှင့် ၁၀ရက် နေ့ဖြစ်သည့် သောင်္ကြာ၊ စနေ လူများသော အချိန်များတွင် ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံသို့ ပိုမို ထောက်ပံ့နိုင်ရန် ရန်ပုံငွေရှာဖွေပေးရေး အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြသည်။

 

ထိုလှုပ်ရှားမှုများကြောင့်

 

မြန်မာ့တိုင်းရင်းသားပေါင်းစုံလူမှုကူညီရေးအသင်း၊(ယူဗာစကူးလာမြို့)www.abnsa.fiမှ

 

လမ်းပေါ်ထွက်၍ ကောက်ခံရာတွင်                Euro ၁၈၉၉.၄၀ ( USD ၂၉၆၈.၉၀ )

ဖုန်းဖြင့် ခေါ်ဆို၍ အလှုငွေပေးပို့ခဲ့သည့် ငွေ     Euro ၁၅၀၀      ( USD ၂၃၄၄.၅၀ )

 

မြန်မာ့တိုင်းရင်းသားပေါင်းစုံလူမှုကူညီရေးအသင်း၊(ဟယ်စင်ကီမြို့) မှ

 

လမ်းပေါ်ထွက်၍ ကောက်ခံရာတွင်               Euro ၈၀၀၀   ( USD ၁၂၅၀၃.၁၀ )

 

ရရှိခဲ့ပြီး ၁၂ရက်နေ့တွင် ထိုကောက်ခံရငွေပေါင်း

                                                Euro ၁၁၃၉၉.၄၀ ( USD ၁၇၈၁၇.၁၅ ) ရရှိခဲ့သည်။

 

ထို့ကြောင့် မြန်မာကျပ်ငွေစုစုပေါင်း ၂၀၂၂၀၁၉၅ (သန်းနှစ်ဆယ်ကျော် လှုနိုင်ခဲ့သည်)။

 

(ကောက်ခံခဲ့ပြီးသော အလှုငွေများသည် မြန်မာပြည်သားများထည့်ဝင်သော အလှုငွေများ မပါသေးပဲ၊ လမ်းပေါ်ကောက်ခံခဲ့ကြသော ငွေသားများ သက်သက်သာဖြစ်ပါသည်။ မြန်မာပြည်သားများ ထည့်ဝင်ခဲ့ကြသော အလှုငွေများကို ဖော်ပြပေးသွားမည်ဖြစ်ပြီး၊ ရရှိသောငွေသားများကို မြန်မာပြည်တွင် အစိုးရမဟုတ် ကူညီရေးအဖွဲ့အစည်းများသို့ ဒိုက်ရိုက်လှုတန်းသွားမည်ဖြစ်ပြီး၊ အခက်အခဲရှိပါက ကြက်ခြေနီသို့ လှုဒါန်းရန် စီစဉ်လျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 

 ထိုငွေများကို ရက်သတ္တပါတ်အတွင်းတွင် ရှာဖွေပေးနိုင်ခဲ့သည့်အတွက် လွန်စွာ ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ပါသည်။ ထိုနေ့တွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော အဖွဲ့ဝင်များ နှင့် ဟယ်စင်ကီမြို့မှ ပါဝင်လှုပ်ရှားခဲ့ကြသော အဖွဲ့သားများကို အထူးကျေးဇူးတင်ရှိပါသည်။ ထိုအစီစဉ် နှင့် မြန်မာနိုင်ငံသို့ အထောက်အပံ့များ လျင်မြန်စွာ ၀င်နိုင်ရန် သတင်းစာရှင်းလင်းပွဲလည်း ကျင်းပပြီး ဖြစ်သည်။

 

ဓါတ်ပုံမှတ်တမ်းများ၊

မြန်မာ့တိုင်းရင်းသားပေါင်းစုံလူမှုကူညီရေး အဖွဲ့သားများ



 

 

 

အလှုငွေကောက်ခံရာတွင် အသုံးပြုခဲ့သည့် ကြေငြာစာတန်


ကလေးများပျော်ရွှင်စေရန် ဘူဘောင်းများ အလကားပေးခဲ့ကြသည်

ဖင်လန်နိုင်ငံသားများသည် အများအကူအညီပေးရန် အဆင်သင့်ရှိကြသည်

     

ဖင်လန်နိုင်ငံအလယ်ပိုင်း သတင်းစာတွင် သတင်းစာရှင်းလင်းပွဲ

 

 

မြန်မာ့တိုင်းရင်းသားပေါင်းစုံလူမှုကူညီရေးအသင်း၊(ယူဗာစကူးလာမြို့)သည် အဖွဲ့ဝင်သား ၃၆ ယောက် နှင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး၊ အဖွဲ့ဝင်သားများ တိုးပွားလျက်ရှိသည်။ သင့်အနေနှင့် စိတ်ဝင်စားပါက www.abnsa.fi မှ သင့်အား အဖွဲ့ဝင်တစ်ယောက်ဖြစ်ရန် (သို့) ရံပုံငွေမည်သို့ ထည့်ဝင်နိုင်ရန် အမြဲကြိုဆိုလျက်ရှိပါသည်။

 

Last update: 31-05-2008 07:33



--
(( Hteink Min ))
Phone:+358449410681
Website: http://www.hteinkmin.com

အပြည့်ဖတ်မည်...

Saturday, 26 April 2008

မြန်မာ့ အရယ်ရဆုံး ဗီဒီယိုဆု အမေရီးကားမှ ရရှိသွားခြင်း

မြန်မာ့ အရယ်ရဆုံး ဗီဒီယိုဆု အမေရီးကားမှ ရရှိသွားခြင်း Print E-mail

 

By ထိုက်မင်း, on 26-04-2008 15:17  

Views : 12

Favoured : None

Published in : ဟဒယရွှင်ဆေး, ဟဒယရွှင်ဆေး

ကျွန်တော်အခုပြောမှာတော့ တစ်ချို့လည်း သိပြီးလောက်ရောပေါ့၊ တစ်ချို့လည်း သိချင်မှ သိမယ်။ ဒါပေမဲ့ အဲဒီဗီဒီယိုဟာ မြန်မာ့ အရယ်ရဆုံး ဗီဒီယိုဆုကို ပြည်သူတွေရဲ့ ရွေးချယ်မှုကြောင့် ဆွတ်ခူးသွားပါသတဲ့။ ဒီအကြောင်းကို ရေးချင်နေတာ၊

မအားလို့ ခုမှတင်ဖြစ်တယ်။ ဗီဒီယိုရဲ့ အကျဉ်းချုပ်ကိုပြောရရင် ..

အခန်း ၁ ။ ကင်မရာမန်းက MTV Celebrities Dream Home လို အစီအစဉ်မျိုးပေါ့၊ အိမ်ပြင်ကနေ အိမ်တံခါးခေါက်ပြီး ၀င်ရမှာပေါ့နော်။

အခန်း ၂ ။ ဒီမှာ အိမ်ထဲမှာ ရှိတဲ့ ဦးဦးကြီးက ကြောင်လျှာသီးကြီးကို ခါးအောင်ရောက်အောင် လည်ပင်းကချိတ်လို့ပေါ့၊ ငါ့မှာ ကြောင်လျှာသီးအရှည်ကြီး ရှိတယ်ပေါ့နော် .. ဒီလိုဒီလို ၊ ကင်မရာမန်း ၀င်လာပြီဆိုတာနှင့်

ဦးကြီးက ။ ကြွပါကြွပါ .. ဒီဘက်က ကျွန်တော့ ထမင်းစားခန်းပါ၊ ဒါကတော့ ကျွန်တော်ဧည့်ခန်းပါ၊ ဘုန်းဘုန်းတွေလာရင် ဧည့်ခံတယ်၊၊ ဧည့်ခန်းမှာတော့  ဆိုဖာအကြီးကြီးတွေကိုခင်းထားတာပေါ့၊ တီဗီကတော့ မ၀ယ်နိုင်သေးတာ့ ၊ ၂၁ လက်မ

တီဗီလေးနဲ့ပေါ့၊ ဟို ပလက်စမာလား ဘာလား ၄၂ လက်မ ၄၈ လက်မ ဆိုတာတွေလည်း မလိုတော့ပါဘူး။ ဦးကြီးက စီးပွားရေးသမားဆိုတော့ အလုပ်က မအားဘူးလေ၊ တီဗီက ကြည့်မအားဘူးဆိုတော့ ဆိုတော့..

အခန်း ၃။ ဒီလို တစ်အိမ်လုံးပြပြီးတဲ့အခါ၊ အိမ်နောက်ဖေးကို ကင်မရာမန်းကို ခေါ်သွားစေ..

အခန်း ၄။ ကျွန်တော်တို့ မြန်မာ့ ကလက်စစ် ဗီဒီယိုဆိုဒ်ကြီး